All’s Well Ends Well (1997)
ဒီအပတ်တင်ဆက်ပေးမယ် စတီဗင်ချောင် ကားအသစ်လေးကတော့
6/Fed/1997 ကထွက်ရှိထားတဲ့ All’s Well Ends Well (1997) ဇာတ်ကားလေးပါ ဒီဇာတ်လမ်းကိုတော့ ဒါရိုက်တာ Alfred Cheung ရိုက်ကူးထားပြီး ညီအကို3ယောက် အ နေဖြင့် Stephen Chow,Raymond Wong နှင့် Francis Ng တို့က ပါဝင်ထားပါတယ်။
ထုံးစံအတိုင်းနာမည်ကြီး Stephen Chow Movie Collection Myanmar (Sc Channel) နဲ့ FOF ပူပေါင်း တင်ဆက်ပေးလိုက်ပါတယ်
ဒီဇာတ်ကားလေးကတော့ အတော်ကြာ ပျောက်နေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး Raymond Wongရဲ့ Alls well ends well series ထဲက ဇာတ်ကား တစ်ကားပဲ ဖြစ်ပါတယ။်Imdb rating #6.2 ရရှိထားပြီး Seriesတဈခုလုံးမှာ တတိယမြောက် Ratingအများဆုံး ကားတစ်ကားလဲဖြစ်ပါတယ်။
Plot**
ညီအကိုသုံးယောက်ဖြစ်တဲ့ လောင်းလို(Raymond) ၊ ဖေးလို(Francis) ၊ကွန်းလို (Chow) တို့ဟာ အမေမရှိတဲ့ မိတဆိုးသားလေးတွေဖြစ်ပြီး သူတို့အဖေ Mr.Lo ပိုင်တဲ့အိမ်ကြီးမှာပဲ အတူတကွနေထိုင်ကြပါတယ်။
အကြီးဆုံးဖြစ်တဲ့ (လောင်းလို) က စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီ လုပ်ငန်းလည်ပတ်မှုအားကောင်းကာ ဆိုင်ခွဲများစွာဖြင့် ဝငျငှေ များစွာရရှိတာကြောင့် တစ်အိမ်လုံးကိုရှာကျွေးထားနိုင်ပါတယ်။သူ့ရဲ့ မိန်းမကလဲ အိမ်ရှင် မကောင်းတစ်ယောက်ဖြစ်ပြီး အိမ်မှုကိစ္စကို သူပဲ ဦးဆောင်ပါတယ်။မိသားစုတာဝန်ကျေသော်လည်း မှုန်ကုတ်ကုတ်နဲ့သွားကလဲမလှ၊ Skinလဲမcare နိုင်တဲ့အပြင် အသုံးအဖြုန်းမလိုက်စား တာကြောင့်စတိုင်ထုတ်ချင်တဲ့ (လောင်လို) နဲ့ အိမ်ထောင်ရေးက ခနိုးခနောင့်ဖြစ်နေပါတယ်။
အလတ်ဖြစ်တဲ့ (ဖေးလို) ကတော့ ပညာရေးကိုအလေးစိုက်သူဖြစ်ပြီး အသက်သာကြီးသွားတယ်။ဘွဲ့တွေတပုံကြီးနဲ့ အလုပ်မရှာပဲ အကိုအကြီးဆုံးလုပ်စာထိုင်စား ၊အချိန်သာဖြုန်းနေပါတယ်။ချစ်သူရွေးချယ်ရာမှာလဲ အိမ်နဲ့ အဆင်မပြေ၊မလိုက်ဖက်တာကိုရွေးချယ်မိတဲ့အပြင် တစွတ်ထိုးလုပ်ရက်တွေ နဲ့တယူသန်အတွေးတွေကြောင့် အချစ်ရေးမှာတိုင်ပတ်နေသူပါ။
ဒီ့ထက်ဆိုးတဲ့ အငယ်ဆုံး (ကွန်းလို) ကတော့ အလုပျမရှိ၊ပညာလဲမထှနျးပေါကျ၊အိမျမှာလဲအားကိုးမရ၊ဆိုးသှမျး၊အလလေိုကျနသေူပေါ့။တနေ့တော့သူ့မှေးနေ့မှာ အကိုတွေရဲ့ ကျီစယ်မှုကနေ အကြွေးတှေ တင်ကာပြန်မဆပ်နိုင်တာကြောင့် အရူးဟန်ဆောင်နေရပါတော့တယ်။
ဒီလိုဟန်ဆောင်ရင်း သူတို့အိမ်ရဲ့အခြေနေတွေ၊ဆိုးသွမ်းသောျလညျး အပြစ်မတင်ပဲ သူ့အ ပေါျထားတဲ့မေတ်တာတှေ၊ဖခငျကွီးရဲ့ အလိုလိုက်တာတွေ ကိုရူ့ ထောငျ့တဈခုက နေ ကောင်းစွာမြင်လာပြီး (ကွန်းလို) တစ်ယောက် ဘယ်လိုဖြစ်သွားမလဲ?
အကိုကြီး (လောင်းလို) ရဲ့အိမ်ထောင်ရေး အဆင်မပြေတာတွေ?
အကိုလတ် (ဖေးလို) ရဲ့ အချစ်ရေးရှေးခယြျမှုတှေ ? စတဲ့ တယောက်ချင်းစီရဲ့ မိသားစု ရေးရာတွေကို ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ခုပါ။
Box officeအနေနဲ့ HK$40millionကျော်ရရှိထားပြီး သိတဲ့အတိုင်းဒီ စီးရီး ဆိုတာ က အိမ်ထောင်ရေး၊မိသားစုရေး၊အချစ်ရေးတွေ ကို ဟာသနှောကာ တင်ဆက်ထားတဲ့ ပညာပေးဟာသ ကားလေးတစ်ခုဖြစ်တာကြောင့် ၂ခါပြန်ကြည့်မိတဲ့ဇာတ်ကားတစ်ကားပါပဲ။😍ဇာတ်ကွက်သဘောရိုးက ၁၉၉၂ တုန်းက ပုံစံမျိုးဖြစ်ပြီး ၁၉၉၂ရဲ့ sequal တော့ မဟုတ်ပါဘူး။
IMDb 6.2/10
MyDramaList 7.6/10
Google users 90%
Box office: HK$40,162,050.00
Reviews Thiha Zaw Htet (stephen chow movies & knowledge)
Translated by Nay Maint Yaun & Phoenix (Sc Channel)
Encoder : Win Kyaw Thu
Subtitle myanmar Subtitle (Hard sub)
Post a Comment