PK (2014) မြန်မာစာတန်းထိုး စဆုံးပြီး

PK (2014) မြန်မာစာတန်းထိုး စဆုံးပြီး


India နိုင်ငံ Rajasthan သဲကန္တာရတစ်နေရာ
ရွေ့လျားနေသောတိမ်တိုက်ကြီးတစ်ခုမြေပြင်သို့ တဖြည်း ဖြည်းချဉ်းကပ်လာနေပါတယ်…

တိမ်တိုက်အတွင်းမှာတော့ ပန်းကန်ပြားပံျသဏ္ဍာန်ယာဉ် ပံျတစ်စင်း အဆိုပါယာဉ်ထဲမှ ဝတ်လစ်စလစ်နှင့် လူသား သဏ္ဍာန်တစ်ခုဆင်းလာပါတယ်။ ထို့နောက်ယာဉ်ပျံက ပြန် လည်ထွက်ခွာသွားပါတော့တယ် သူ့လည်ပင်းမှာတော့ အ လင်းရောင်တွေထွက်နေတဲ့အဝိုင်းပြားတစ်ပြားကို ဆွဲကြိုး အဖြစ်ဆွဲထားပါတယ်။အဆိုပါဆွဲကြိုးဟာ သူ့အတွက် သူ့ ယာဉ်ပျံနဲ့ပြန်လည်ဆက်သွယ်ရာမှာအသုံးပြုတဲ့ remote control ဆိုလည်းမမှားပါဘူး။ ကမ္ဘာကြီးက သူ့အတွက် တော့ မရင်းနှီးသေးတဲ့ပတ်ဝန်းကျင်တစ်ခုပေါ့။ India အ မျိုးသားကြီးတစ်ယောက်ကို သူတွေ့တဲ့အခါ ထို အမျိုး သား ကြီးဆီသူလျှောက်သွားတယ်။ထိုအမျိုးသား ကြီးက သူ့ လည်ပင်းကဆွဲကြိုးကို ဖြုတ်လုပြီး ခုတ်မောင်း လာနေတဲ့ ရထားတွဲပေါ်ပြေးတက်လိုက်ပါသွားတယ်။ သူ လည်းသူ့ ဆွဲကြိုးလေးပြန်ရဖို့ကြိုးစားရင် ထိုအမျိုးသား ကြီးဆီက ရေဒီယိုလေးတစ်လုံးကို ပြန်ရခဲ့ပါတယ်။သဲကန္တာ ရအလယ် အခြားကမ္ဘာက ဝတ်လစ်စလစ်ဂြိုလ်သားတစ် ယောက် ရေဒီယိုလေးတစ်လုံးပိုက်လို့ သူနေထိုင်ရာ ဂြိုလ် ဆီပြန်ဖို့ remote control ကလည်းပျောက်ဆုံးသွားခဲ့ပြီ လူသား တွေရဲ့အလေ့အထ ကမ္ဘာကြီးရဲ့ ယဉ်ကျေးမှုပ ညတ်တွေ ဘာသာစကားတွေ ဘာမှနားမလည်တဲ့ သူ့အဖို့ ဒီ remote control လေးကို ဘယ်လိုပြန်ရှာဖွေမှာလဲလူတွေ ကတော့ သူ့ကို PK လို့ခေါ်ကြတယ်။သူနေထိုင်ရာ ဂြိုလ်မှာ ဘာသာ စကားမရှိဘူး။ အဝတ်အစားမဝတ်ဘူး အတွေးနဲ့ စကား ပြောကြတယ်။ သူ့မှာအမည်နာမ မရှိဘူး လူသားတွေ လို စကားတစ်ခွန်းကြောင့် နားလည်မှုလွဲပြီး အမုန်း တွေမပွား ကြဘူး။ PK အတွက်တော့ လူသားတွေလို ပြုမူ နေထိုင် နိုင် ဖို့တော်တော်လေ့လာသင်ယူခဲ့ရတယ်။ အဝတ် အစားကို မှန် ကန်အောင်ဝတ်နိုင်ဖို့ ငွေကြေးတွေသုံးစွဲဝယ် ယူတတ်ဖို့နဲ့ ဘာသာစကားတွေကို ပြောဆိုတတ်ဖို့ သူ့အ တွက် ခြောက်ပတ်တိတိလေ့လာခဲ့ရတယ်။ PK ရဲ့ ထူးခြား တဲ့အမူအကျင့်တွေ ကို သတိထားမိခဲ့သူ သတင်းထောက် မလေး Jaggu ဟာ PK အကြောင်းကိုသိရဖို့ကြိုးစားပါ တော့တယ်။PKအတွက် ကမ္ဘာပေါ်မှာ ဘယ်လိုအတွေ့အ ကြုံတွေကိုဆက်လက် တွေ့ ရမှာလဲ ? သူ့ remote control လေးကို ပြန်ရှာတွေ့နိုင်မှာ လား?.....……

PK ဇာတ်ကားဟာ 2014 ခုနှစ်ထွက် Bollywood ရုပ်ရှင် ဇာတ်ကားတစ်ကားဖြစ်ပြီး
Ghajini (2008),
3 Idiots (2009), and
Dhoom 3 (2013)
စတဲ့ဇာတ်ကားတွေနဲ့ အောင်မြင်ခဲ့တဲ့ မင်းသား Aamir Khan ကခေါင်းဆောင် ပါဝင်ထားပြီး မင်းသမီး Anush Sharma နဲ့အတူ ဒါရိုက် တာ Rajkumar Hirani ကရိုက်ကူးပေးထားတာပါ။
Vinod Chopra Films မှထုတ်လုပ်ပြီး UTV Motion Pictures မှ 2014 ခုနှစ် December 19 ရက်တွင် ဖြန့် ချိပေးခဲ့ရာ ဖြန့်ချိပြီး ၂ ပတ်အတွင်းမှာပင် India နိုင်ငံရဲ့ ရုပ်ရှင်သမိုင်းတစ်လျောက် ဝင်ငွေအကောင်းဆုံးဇာတ်ကား အဖြစ် ရပ်တည်နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း 2014 ခုနှစ်ထွက် ရှိသမျှဇာတ်ကားတွေထဲမှာတော့ ဝင်ငွေအကောင်းဆုံး နံ ပါတ် ၆၅ အဖြစ်ရပ်တည်နေပါတယ်။ရိုက်ကူးထုတ်လုပ်မှု စရိတ် ဒေါ်လာ ၁၃ သန်းကုန်ကျခဲ့တဲ့ PK ရုပ်ရှင်ဇာတ်ကား ဟာ အခုချိန်ထိဝင်ငွေ ၉၂ သန်းကျော် ပြန်လည်ရှိထားပါ တယ်။ ဘာသာရေးနဲ့ ပတ်သက်ပြီး သရော်ထားတဲ့ဇာတ် ဝင်ခန်းတွေကြောင့် ဝေဖန်ခံရမှုတွေရှိခဲ့ပေမယ့် PK ဇာတ် ကားဟာ ကျွန်တော်တို့တွေ နေ့စဉ်ဘဝမှာ အမြဲတမ်းကြုံ တွေ့နေရတဲ့ လောဘ ဒေါသ မောဟတွေ နဲ့ ဘာသာရေးကို ခုတုံးလုပ်မှုတွေ လွဲမှားစွာကိုးကွယ်ယုံကြည်မှုနေတဲ့ အစွန်း ရောက်လွန်းလှတဲ့ အယူအဆအချို့ကိုပါ။လှပစွာမီးမောင်း ထိုးပြနိုင်ခဲ့ပါတယ်။ကျွန်တော်တို့တွေရော ရိုးသားစွာယုံ ကြည်သက်ဝင်နေကြတာလား သေသေချာချာတွေးတော ကြည့်ဖြစ်ကြရဲ့လား? လွဲမှားနေတဲ့ အယူအဆအဟောင်း တွေ နောက်လိုက်မိနေကြပြီလား? PK နဲ့အတူအတွေးနယ် ချဲ့ကြည့်ရအောင်လားဗျာ ….
စ/ဆုံး
File size…525MB
Format…mp4
Duration….02:32:18
Subtitle….Myanmar Subtitle(Hardsub)
Encoder….မိုးစက် ရမ်းသမ်း ဘာသာပြန်သည်...
Credit -

Post a Comment

Popular Posts

Copyright © Star Movie | Distributed by Blogger Templates | Designed by OddThemes